ဖြတ်သင့်တဲ့လေကြိုး
22-Feb-2018ရုံးအဆင်းအရက်သောက်လာသော ယောကျ်ားအား မိန်းမက
“ ရှင်အရက်တွေ သောက်လာပြန်ပြီလား ”
“ အရက်မသောက်ပါဘူး ဘီယာလေးတစ်ခွက်တစ်လေပါကွာ ”
“ ဘီယာလည်း အရက်ပဲ၊ ဆင်ခြင်ပေးမနေနဲ့ ”
“ ဘီယာက သွေးကြောနံရံအတွင်းက သွေးခဲဖတ်ဖြစ်နိုင်ခြေကို လျှော့ချနိုင်တယ်။ လေဖြတ်နိုင်ခြေကို ကာကွယ်ပေးတယ်။ ပြီးတော့ ..”
“ တော်တော့ လောလောဆယ်မူးလာရင် ရှင့်လေကြောရှည်တာကို ဖြတ်ပေးနိုင်ဖို့လိုတယ် ”
“ ဟိုက် ”
Credit : မှူးအိမ်ဇင်